July 19, 2011

သိင်္ဂရစစ်ပွဲ

ခြောက်သွေ့လွန်းတဲ့ သိင်္ဂရမြက်ခင်း

သွဲ့သွဲ့လေညှင်းရဲ့ ၇နံ့မှာ

ရသစိမ်းတွေ ခါးသက်စွာသင်းတယ်

သံယောဇဉ်ညှာ နွယ်လိမ်ရစ်

ကကြိုးရှုပ်တဲ့ အသဲသခင်

လူမိုက်ရယ်လို့

အပြစ်တင်လိုက တင်ကြတော့

ဓာလှံဆင်မြင်း မာန်ဟုန်တင်း

စစ်တလင်းခင်းလို့

ချစ်ပလင် သခင်နင်းပါလှဲ့

အသဲချင်းလဲ စီးချင်းမယှဉ်ဝံ့တဲ့သူပါ

သခင်ရှေမှာ

ကိုယ်နဲ့လိပ်ပြာ တွဲလိုမြဲမခိုင်

ဆင်ကျင်းမြင်းကျင်းလဲ သတိမစင်နိုင်ခဲ့

တွန်းဝှေ့ဝှေ့လို့ ချွန်းကုန်မဖွင့်ခင်က

ဟောင်းရွက်ကြွေ ွအညှာတဲသလို

ချစ်နယ်မြေ ခြေကုတ်မမြဲနိုင်ခဲ့

သခင့်ရယ်သံ အဖျားခတ်ရုံနဲ့

ကြွေ အသဲ

ရင်ထဲက ပြုတ်စင်လွင့်ထွက်။  

 

 

 

No comments:

Post a Comment