July 19, 2011

အလွမ်းငှက်

 

ပြန်လမ်းမဲ့ဆန့်ထွက်ခဲ့ရတယ်

ရင်ခွင်ကိုရွက်စုံဖွင့်ရင်းပေါ့။

ရင်ခွင်ခြင်းအပ်လို့

ရင်ခုံခြင်းတွေဝင်ရိုးစွန်းတစ်ဘက်စီမှာကျောက်ချ။

သံနှင့်ပြဒါး

သူ့လမ်းသူသွားရင်

ကိုယ်ခရီးမှာကိုယ်တိုင်နစ်မျော

ဝေဒနာတောမှာနေမြင့်ခဲ့ရ။

အလွမ်းဆိုတာ

ချစ်တက်သူတွေခံစားဖို့သက်သက်ပါပဲ။

အသဲထဲတစ်နေရာမှာ

လှောင်ပြုံးတက်တဲ့နှုတ်ခမ်းနှစ်လွှာရေ။

တိမ်ညိုတွေရဲ့အနားတစ်ဘက်မှာ

ငွေရောင်အနာသတ်ဖို့

ငါ့အတွက်မသေချာသေးဘူး။

ပစုပန်မှာလဲမှောင်မိုက်ဆဲ

ဒီအချစ်အတွက်နဲ့ပဲ

နိဂုံးတွေခါးခဲ့ရ

ပုံသေနည်းချထားတဲ့

အဖေါ်မဲ့ညည့်နက်ထဲမှာ

အထီးကျန်ပျံသန်းခဲ့တဲ့ငှက်တစ်ကောက်ပါ။

တစ်နဲ့တစ်ရဲ့အဖြေဟာ

မင်းနဲ့ငါအတွက်

အလွမ်းသက်သက် ဖြစ်ခဲ့ရတယ်။       

   

No comments:

Post a Comment