July 19, 2011

ဗေဒါလမ်း 32/ ပန်းသိပါရဲ.


လမုပွင့်နီသန္တာ၊ လတာကညိုချော
လတာပြင် လမုတန်း၊ ကမ်းစပ်က တော။
ဒီလမ်းကပန်းဗေဒါ။
နေထွက်နေ၀င်နဲ.
လတာပြင်လမုပါး၊ သွားရခါခါ။
လမုနဲ.လတာသာ ကျွမ်းရှာတဲ့ ဗေဒါမ။
လတာပြင် လမုတန်း၊ ပန်း မယ့်လောက။
အိုအချင်း ကျူရိုးတံ
လမုခြံအနောက်နားက ၀ါးခတ်တဲ့ခြံ။
အုန်းခြံနဲ. ဓနိခြံ ကွမ်းသီးခြံပါတဲ့
စုန်ဆန်ရာ ဗေဒါလမ်းက
ပန်း သိပါရဲ.
ခြံနောက်မှာရွာရှိလျှင်။
ခြံနောက်ကွယ် လယ်ကိုသန်း၊ လမ်းရွာဝ ၀င်
ရွာသွားတဲ့ရွာလမ်းစဉ်၊ ခွင်တစ်ခါခွေတစ်လှဲ.
စုန်ဆန်ရာဗေဒါလမ်းက၊ ပန်းသိပါရဲ.။  
ဇော်ဂျီ

No comments:

Post a Comment