November 16, 2015

ဝေဒနာနွေ

ဖူးပုရစ်သစ်

နုသစ်ဝေဝေ

ရွက်ကြွေလေထဲ

ဝေ့ဝဲသုတ်ဖြူး

နွေလေရူးနှင့်

ဥသြသံထူး၏

ထို့ကြောင့်နွေဦး။

ခွဲမသွားပါနဲ့ကွယ်လို့

မတောင်းပန်ရက်

မင်းဆုံးဖြတ်ချက်တွေ ခက်ခဲမှာစိုးလို့။

ရွက်ဝါကြွေ လေလာမြူးစဉ်ခဏ

ရူးမတက်လွမ်းရသူမှာ အံတင်း

အင်း --- ရိုးတံတွေလဲအထီးကျန်

အလွမ်းသဏ္ဌန်ထင်ရဲ့။

ပင်အိုဆိုတာ

နွေရဲ့ပြရုပ်သက်သက်

ဝေဒနာ လက်တံတွေထက်က

သစ်ရွက်တွေ အပြိုင်းအရိုင်း ခြွေ

ကြွေစေတဲ့ နွေဟာ

လေရူးကြောင့်လား

ဥသြကြောင့်လား

ရိုးတံကြောင့်လား

ဂိန်မာန်အငြိုး အပြစ်မဖွဲ.မယိုးတော့ဘူး

နင်ငါ့ကို

ကြင်နာတက် စေခဲ့တာလား

နာကြင်မျက် စေခဲ့တာလား

- - - ခုတော့လဲ မထူးတော့ဘူး။ ။

ချစ်သူ့အပါးမှာ


အချစ်ဆိုတာ ချစ်သူရှိမှပါ
ချစ်သူရဲ့အဝေးမှာ
အချစ်ဆိုတာ လွမ်းရုံသက်သက်ပဲ။

ချစ်သူရေ
ချစ်သူ့ အနားမှာ
ခစားခွင့်ပြုပါ
ချစ်သူ့ဆံနွယ်ပါးမှာ
ခိုနားခွင့် ပြုပါ။

ချစ်သူ့ ခြေလှမ်းတိုင်းမှာ
ရင်ခုံသံတွေ ဖြန်ခင်း။
ချစ်သူ.ခြေရင်းမှာမှ
ရှင်သန်ခြင်းကို ဖွင့်ဆို။
-
--
---ဒီလို အပြင်းစားအတ္တတွေနဲ့။

ချစ်သူရယ်
ချစ်သူ့ရနံ့ကို ရှူရှိုက်ရင်း
ချိုမြိန်ခြင်း အနန်းတွေနဲ့
မျောလွင့်ချင်တဲ့ သူပါကွယ်။

October 22, 2015

ဆု

ဆု
======
ဒုက္ခနဲ့ စီးချင်းထိုးတဲ့အခါ
ငါ့ကို အားပေးတဲ့ လက်ခုပ်သံတွေ
တကယ်ပါ မကြားချင်ဘူး။

မေခလာနတ်သမီးရေ - -
အလည်လွန်လို့ ကြိမ်စာသင့်ရင်
တစ်လှည့်စီ ခံကြစတမ်းပေါ့။

သွားလိုရာသွားပါ လှည့်မကြည့်ပါနဲ့၊
ကမ်းမမြင်ဘဲ ကူးနေရပေမယ့်
ရုန်းကန်ခွင့်ရတာ ကျေနပ်တယ်။

ဘဝမှာ အောင်မြင်လာတဲ့ တစ်နေ့
ပန်းခြောက်လေးတွေ ကြိုးနဲ့သီပြီး
ဆုလာဘ်အဖြစ် ပေးစွပ်လိုက်ပေါ့

(အမည်မသိ)

ခရေ

အပွေးမြင်

အပင်သိ

မျက်ဝန်းမြင်

ရင်ကိုသိ

အသည်းဘယ်လိုရှိ

သိစေချင်တယ်။



ပင်ယံထက်မယ် မနေတက်လေသလား

မြေနီလမ်းက ပန်းခရေနှယ်

ကြွေတက်သူပါကွယ်

ခြွေရက်မတိုင်ခင်က။



သခင့်ကေသာ

ဆင်ကာ တင့်စေတော့

ပန်းသဇင် သခင် မြန်းလျှင်လည်း

လွမ်းတက်ယုံ ပန်းကြွေဘဝမှာ

လွမ်းသတ်ပုံ မှန်အောင်ရေးလို့

လွမ်းတေးငင်ရ။


May 7, 2014

မကွေး အတွက် အလွမ်းပြေသီချင်း


နတ်မောက်က ကိုအောင်ဆန်း

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။