August 9, 2011

အမှတ်တရတိုက်ပွဲများ-၂

သောင်းဝေဦး ရဲ့ အမှတ်တရတိုက်ပွဲများ ၂ ဟာ မိုင်းယန်းဒေသ မှာ မြန်မာ့တပ်မတော် ဟာ ဗကပတို့နဲ့ တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲစဉ်များစွာကို စုစည်းထားခြင်းဖြစ်ပြီး တပ်မတော်သားတို့ရဲ့ အသက် သွေးချွေးများနဲ့ ရင်းနှီးကာ ဆင်နွှဲခဲ့ရတဲ့ တိုက်ပွဲများအကြောင်း ရေးသားထားခြင်းဖြစ်ပါတယ်။

စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်မှကူးယူဖော်ပြပါသည်။ 

ဤနေရာမှာ down load ရယူနိုင်ပါတယ်။

 

အမှတ်တရတိုက်ပွဲများ-၃

သောင်းဝေဦး ရဲ့ အမှတ်တရတိုက်ပွဲများ ၃ ဟာ စာရေးသူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ရသော နောင်လိုင်ပါဖန်နဲ့ ပွိုင့်  ၆၀၄၁ တိုက်ပွဲ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး တပ်မတော်သားတို့ရဲ့ အသက် သွေးချွေးများနဲ့ ရင်းနှီးကာ ဆင်နွှဲခဲ့ရတဲ့ တိုက်ပွဲများစွာထဲမှ တစ်ခုအကြောင်းကို ကိုယ်တွေ့ကြုံ ရသည့်အတိုင်း  ရေးသားထားခြင်းဖြစ်ပါတယ်။

စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်မှကူးယူဖော်ပြပါသည်။ 

ဤနေရာမှာ down load ရယူနိုင်ပါတယ်။

 

FIRST KISS

ပထမဆုံးအနမ်းဆိုတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။
အသဲကွဲ သွားတဲ့ သူတစ်ဦးရဲ့ ခံစားချက်တစ်ခုပါ ။

FIRST KISST
 
eddy O’Connor, I dreamed of you last night. 
You were the age you would be now 
and still handsome in your quiet way.
 
 Remember us, in our Easter Sunday best, 
beside my father’s mint green Chevrolet, 
holding torch-shaped ice cream cones. 
Ten years later, I’m wearing a prom dress. 
You are Cary Grant in a rented tux. 
You broke my heart that night, 
 being too attentive to another.
 
 Somewhere between the Carvels 
and senior prom, probably 
when we were twelve, we paused
 in a Long Island woods and 
sat beside each other on a fallen tree. 
You surprised me with a kiss 
and I fell silent as a log. 
 
In the dream, you said you live in Delaware.
 I wonder how you are now. 
The fool part of me is tempted to see
 how many Theodore O’Connors
 live in Wilmington but if I found you, 
what could I say? 
 
 Teddy O’Connor, I dreamed of you last night.
 
~ Barbara Alfaro


 ဤနေရာမှာ down load ရယူနိုင်ပါတယ်။

 



August 2, 2011

အိပျပကျြဝဒေနာ

 အမုန်းပင်လယ် လက်တကမ်း

နှလုံးသား တစ်ခြမ်းနဲ့

အသည်းအသန် ကူးခတ်

ကမ်းတစ်ဖက်မှာ ချစ်ခြင်းတဲ့လားကွယ် ။

 

ရောင်စုံနူးညံ့

သင်းပျံ့ထုံပွင့်လွှာပါးနဲ့

ဇကာခြား မျက်လွှာချ

ပင်လယ်ကိုတောင် ပြာကျမတက်

မျက်စောင်းခတ်သံတွေ ။

ကိုးနဝင်းနဲ့ သိဒ္ဓိတင်ရင်း

ရေခဲမြစ်တစ်စင်းလို တိုက်စားခြင်းတွေနဲ့

နှလုံးသား ကြမ်းပြင်ထက်မှာ

ချစ်သူရဲ့ အငွေ့အသက်ကလေးတွေ

ထာဝရ အေးခဲစေတော့ ။

 

အနိုင်ယူတက်လွန်းတဲ့

နှင်းဆီတစ်ဖူးရဲ့

မိုးကြိုးစက် အကြည့်တစ်လက်မှာ

ပဝါဖြူကို အလံလိုထူခဲ့ ။

 

နေညိုလေ့ရှိတဲ့

တောင်စွယ်မှာ ဗဟိုပြု

ရာဇဒါဏ်သင့်ခဲ့တဲ့ ချစ်ခြင်းတစ်ခုလို

ရှင်သန်ခြင်းတွေလည်း

စည်းတစ်ဖက်ခြား ။

 

နှောင်းတမြေ့မြေ့ ဝေဒနာ

လေလာတိုင်း ရင်းမှာကြွေ

အိပ်ပျက်သူအတွက် ညတာလည်းရှည်ရဲ့ ။ ။

အမွားမ်ား

ပြင်ဆင်ခွင့်တွေ မလိုပါဘူး
ကျွန်တော်က မှားနေကျပါ ။

သကာဖုံးမထားပဲ ခါးနေရင်တောင်
ဒီအဆိပ်တွေကို မြိန်ရှက်ခဲ.တာ
မတင်းတိမ်နိုင် ဘူးလေ ။

ရသမြောက်အတ္တတွေ စီးနင်းရင်း
---
ဘာဖြစ်ဖြစ်ပါကွယ်
အကြောင်းမရှိအကြောင်းရှာဖြစ်
ဖြစ်သမျှ အချစ်ကြောင့်လို. ။

အချစ်ဆိုတာ
စွန်.လွတ်ခြင်းတဲ့
အကြိမ်ကြိမ် စွန်.လွတ်ရင်း
မရင့်ကျက်နိုင်သေးတဲ့ သူပါ ။

မနက်ဖန်သို့အတွေး

မှောင်မိုက်လွန်းတဲ့ ငါ့ပင်လယ်

ငါ့လှေငယ်က

အတ္တကို အလံမလှဲ ။

 

မိုက်မဲစွာ ရိုးသားလွန်းလို့

ခါးဆီးခံခဲ့ရတဲ့ ဒုက္ခ

အများကြားအောင် အော်ဟစ်ပြဖို့

ငါ့သိက္ခာကို ငါရှက်နေမိ ။

 

သမင်လည်ပြန် အတွေးတွေထဲမှာ

ဘဝ ဆိုတာ

ငှက်ပျောတုံးလိုပဲ

ရှင်သန်ခြင်းကို တဖက်ခြင်းဆွဲခွာရင်း

ဘာကြောင့်များ အသက်ဆက်နေမိကြသလဲ ။

 

လောကထဲမှာ

မနက်ဖြန်ဆိုတာကို ဦးတည်ရာမဲ့စီးဆင်းဖို့

ငါ့ဘဝကို ငါအားပေး

ငါ့အတွေးတွေကို လည်ပတ်စေခဲ့ ။

 

လှိုင်းဂယက်တွေရဲ့ထက်မှာ

ဗေဒါတွေလည်း အယက်အကန်ခံရင်း

ခရမ်းရောင် ပွင့်ကြဆဲ။ ။

ဝေဒနာနွေ

 

ဖူးပုရစ်သစ်

နုသစ်ဝေဝေ

ရွက်ကြွေလေထဲ

ဝေ့ဝဲသုတ်ဖြူး

နွေလေရူးနှင့်

ဥသြသံထူး၏

ထို့ကြောင့်နွေဦး

 

ခွဲမသွားပါနဲ့ကွယ်လို့

မတောင်းပန်ရက်ဘူး

မင်းဆုံးဖြတ်ချက်တွေ ခက်ခဲမှာစိုးလို့

 

ရွက်ဝါကြွေ လေလာမြူးခဲ့

ရူးမတက်လွမ်းသူမှာ အံတင်း

အင်း --- ရိုးတံတွေလဲအထီးကျန်

အလွမ်းသဏ္ဌန်ထင်ရဲ့

 

ပင်အိုဆိုတာ

နွေရဲ့ပြရုပ်သက်သက်

ဝေဒနာ လက်တံတွေထက်က

သစ်ရွက်တွေ အပြိုင်းအရိုင်း ခြွေ

ကြွေစေတဲ့ နွေ

 

လေရူးကြောင့်လား

ဥသြကြောင့်လား

ရိုးတံကြောင့်လား

ဂိန်မာန်အငြိုး အပြစ်မဖွဲ့မယိုးတော့ဘူး

 

နင်ငါ့ကို

ကြင်နာတက် စေခဲ့တာလား

နာကြင်မျက် စေခဲ့တာလား

--

---

ခုတော့လဲ မထူးတော့ဘူး။ ။

အနက်ရှိုင်းဆုံးအချစ်

 နှလုံးသားရဲ့ သက်တမ်းကို

ဒီဒါဏ်ရာတွေနဲ့ရေတွက်

ဝါးမျိုတက်တဲ့ယန္တယားတစ်ခုကို

သက်ပြင်းရှည်တွေနဲ့ငေးမောရင်း

အခွင့်အရေးဆိုတာ

အတောင်ပံတွေနဲ့လို့ သင်ယူခဲ့ရတယ်

 

နာကျင်အနမ်းတွေကို

အချိန်တိုင်း တမ်းတရင်း

ဝေဒနာဆိုတာ

မြဲစိမ်းတောတစ်ခုပါ

 

အတ္တတွေကို

အစီစဉ်ကျအောင် နေရာချရင်း

ရင့်ကျက်ခြင်း တံတိုင်းတွေနဲ့

ကိုယ်တိုင်ခြားနားမိ

 

သခင်ရယ်

ဆင်ခြင်တုံတရားတွေရဲ့

အဝေးဆုံးမှာ

နေထိုင် ရှင်သန်ခွင့်ပြုပါ

အနက်ရှိုင်းဆုံးချစ်ခြင်းတရားတွေ-

တောက်ပဖို့ပေါ့​။ ။

August 1, 2011

Excel Lessons

 Microsoft OfficeXP (2002-2003) အုပ်စုတွင် တစ်ခုအပါအဝင် ဖြစ်သော software ဖြစ်ပါသည်။ စာရင်းဇယားများ၊ အတွက်အချက်များနှင့် ပတ်သက်၍ လုပ်ငန်းများတွင် အလွန်အသုံးဝင်သော (spreadsheet)application software ဖြစ်ပါသည်။ရုံး၊ ကုမ္ပဏီ(ငွေစာရင်း) market လုပ်ငန်းများအတွက် အလွန်အသုံးဝင်သော software ဖြစ်ပါသည်။

ဤနေရာမှာ down load ရယူနိုင်ပါတယ်။

ကဗျာညွန့်ပေါင်း နည်းလမ်းကောင်း

မြန်မာ့အလင်း သတင်းစာ ပုံနှိပ်တိုက်မှ ၁၂၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ ကဗျာညွန့်ပေါင်း နည်းလမ်းကောင်း စာအုပ်တစ်အုပ်ကို တင်ပြလိုက်ပါတယ်။ မြန်မာကဗျာ လေ့လာမှုအတွက် အသုံးဝင်တဲ့ စာအုပ်ကောင်းလေး ဖြစ်ပါတယ်။
 
ဤနေရာမှာ down load ရယူနိုင်ပါတယ်။
 
 

မောင်သာနိုး - ဂန္နဝင်မြန်မာကဗျာ

မောင်သာနိုးရဲ့ မြန်မာကဗျာ အပေါ် လေ့လာသုံးသပ်ချက်များကို စုစည်း တင်ပြထားပါတယ်။ ရတုကဗျာ အများစုကိုရေးသား ဖော်ပြထားပြီး မူရင်းကဗျာနဲ့ စာဆိုရှင်တွေအပေါ် သံးသပ်ပြထားတဲ့ စုစည်းမှု တစ်ခုပါ။ နဝဒေး၊ နတ်သျှင်နောင်စတဲ့ စာဆိုရှင်တွေရဲ့ ကဗျာတွေကို သုံးသပ်တင်ပြထားပါတယ်။

ဤနေရာမှာ down load ရယူနိုင်ပါတယ်။

 
238 p.

July 28, 2011

မင်းသုဝဏ် မောင်ခွေးဖို-့ကဗျာများ

မင်းသုဝဏ်ရဲ့ မြန်မာရနံ့သင်းတဲ့ ကဗျာများစုစည်းဖော်ပြထားပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

July 26, 2011

အသည်းစွဲကဗျာဆရာ-အောင်ချိမ့်

အသည်းစွဲကဗျာဆရာ-အောင်ချိမ့် ဆိုပြီး အောင်ချိမ့်ရဲ့ ကဗျာလေးတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်ကလေးကို ဖော်ပြလိုက်ပါတယ်။ ကဗျာများကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေထားပြီး လှပသောဒီဇိုင်း များ အတွင်းသရုပ်ဖော်ပုံများနဲ့ ဝေဝေဆာဆာ ထုတ်ဝေထားပါတယ်။ 

ဤနေရာမှာ down load ရယူနိုင်ပါတယ်။

လူနှစ်ယောက်နှင့်ကဗျာ

မောင်ပြည့်မင်းနဲ့ ခင်အောင်အေးရဲ့ကဗျာများ စုစည်းထားခြင်း ဖြစ်ပြီး အောင်ချိမ့်က အရင် ကဗျာပုံသဏ္ဍာန် ကိရိယာတွေနဲ့ မရေးချင်တော့ တဲ့ ကဗျာဆရာများလို့ အမှာစာရေးပေးထားပါတယ်။ မောင်ပြည့်မင်းနဲ့ ခင်အောင်အေးရဲ့ ခေတ်ပေါ်ကဗျာရဲ့ ပုံသဏ္ဍာန်ကိရိယာများကို ဖတ်ရှုနိုင်ရန် ဖော်ပြလိုက်ရပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။
 

တာရာမင်းဝေ၏ ကဗျာများ

တာရာမင်းဝေ ရဲ့ ကဗျာလေးတွေစုစည်း ထားတဲ့ စာအုပ်ကလေးပါ။ သူ့ ရဲ့ ကဗျာတွေဟာ ကျွန်တော့် လိုလူငယ်တစ်ယောက်အဖို့ အရူးအမူး စွဲလမ်းခဲ့ရတဲ့ ကဗျာတွေပါ။
ဤနေရာမှာ down load ယူနိုင်ပါတယ်။

မောင်ချောနွယ် ကဗျာ ပြပွဲ

မောင်ချောနွယ် ရဲ့ကဗျာစာအုပ်ကို အင်တာနက်က ကူးယူဖော်ပြလိုက်ပါတယ်။ စုစုပေါင်း ကဗျာ ၆၉ ပုဒ်ပါဝင်ပါတယ်။ အပြင်မှာ ရှာမယ်ဆိုရင် အလွန်ရှားပါးတဲ့ စာအုပ်မျိုးပါ။
ဤနေရာမှာ down load ယူနိုင်ပါတယ်။
 

အင်္ဂလိပ် ကဗျာ စုစည်းမှု

forallmyanmarnet တွင် posts အနေဖြင် တင်ပြီးသား အင်္ဂလိပ် ဘာသာ ကဗျာ စုစုပေါင်း ၃၉ ပုဒ် ကို တစ်နေရာတည်းတွင် ဖတ်နိုင်ရန် စုစည်းပြီးပေးထားပါသည်။  ဤနရာတွင် down load ယူပါ။

Summer


See what delights in sylvan scenes appear!
Descending Gods have found Elysium here.
In woods bright Venus with Adonis stray'd,
And chaste Diana haunts the forest shade.
Come lovely nymph, and bless the silent hours,
When swains from shearing seek their nightly bow'rs;
When weary reapers quit the sultry field,
And crown'd with corn, their thanks to Ceres yield.
This harmless grove no lurking viper hides,
But in my breast the serpent Love abides.
Here bees from blossoms sip the rosy dew,
But your Alexis knows no sweets but you.
Oh deign to visit our forsaken seats,
The mossy fountains, and the green retreats!
Where-e'er you walk, cool gales shall fan the glade,
Trees, where you sit, shall crowd into a shade,
Where-e'er you tread, the blushing flow'rs shall rise,
And all things flourish where you turn your eyes.
Oh! How I long with you to pass my days,
Invoke the muses, and resound your praise;
Your praise the birds shall chant in ev'ry grove,
And winds shall waft it to the pow'rs above.
But wou'd you sing, and rival Orpheus' strain,
The wond'ring forests soon shou'd dance again,
The moving mountains hear the pow'rful call,
And headlong streams hang list'ning in their fall!
But see, the shepherds shun the noon-day heat,
The lowing herds to murm'ring brooks retreat,
To closer shades the panting flocks remove,
Ye Gods! And is there no relief for Love?
But soon the sun with milder rays descends
To the cool ocean, where his journey ends;
On me Love's fiercer flames for every prey,
By night he scorches, as he burns by day.

Alexander Pope