September 23, 2012

ပိဋကတ်သုံးပုံ

ပိဋကတ်သုံးပုံကို တစ်အုပ်ချင်းတင်ဖို့ အချိန်ကလည်းမရလို့ အားလုံးကို တစ်စုတစ်စည်းတည်း တင်ပေးချင်လို့ ကြိုးစားနေတာ ကြာပါပြီ။ အချိန်ကလည်း မရတော့ တစုတစည်းတည်း ရနိုင်မဲ့နေရာကို ပဲ လင့်လုပ် တင်ပေးလိုက်ရပါတယ်။
သိကြတဲ့အတိုင်းပဲ ပိဋကတ်သုံးပုံ ဆိုတာ တစ်အုပ်ထဲရေးထားတာ မဟုတ်ဘူးလေ။ အပိုင်းပိုင်းလိုက်တွေ ဆိုတတော့ စာအုပ်ရဲ့ ဖိုင်ဆိုက်က မှ အစ up load တင်ရတာ အခက်အခဲဖြစ်ပါတယ် ဒါကြောင့် ရှာဖွေရလည်း လွယ်အောင် အားလုံးလဲ အဆင်ပြေအောင်  အတက်နိုင်ဆုံး ပြုလုပ်ထားပါတယ်။
ဤနေရာမှာ ရှာဖွေ ရယူနိုင်ပါတယ် - ပိဋကတ်သုံးပုံနှင့် ဘာသာရေး


September 19, 2012

ဦးနု - တာတေ စနေသား

စာပေစိစစ်ရေး သက်တမ်းတစ်လျှောက် ထုတ်ဝေခွင့် အကြိမ်ကြိမ်တင်ခဲ့သော်လည်း ခွင့်ပြုချက် လုံးဝမရရှိခဲ့သည့် ဦးနု၏ 'တာတေစနေသား' စာအုပ်ကို ငါတို့စာပေမှ ထုတ်ဝေဖြန့်ချိတော့မည် ဖြစ်ကြောင်းနဲ့ အဆိုပါ စာအုပ် ဖြန့်ချိရောင်းချခြင်း အခမ်းအနားကို စက်တင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီမှစ၍ Home Media Center အမှတ် ၅၈/၆ဝ၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်)၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပေါ်ပြုလာ နယူးဝက်ဘ်ဆိုဒ်မှာ  တွေ့လိုက်မိလို့ ဒီစာအုပ်ကိုအွန်လိုင်းက ဖတ်ချင်သူတွေ ဖက်လို့ရအောင်ဒီ အီးဘုတ်ကို တင်ပေးလိုက်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

August 7, 2012

သမိန်ပေါသွပ်-

မောင်ဝဏ္ဏရဲ့လက်ရာ ကာတွန်း နှစ်အုပ်ကို တင်ထားပါတယ်။
၁။ ဤနေရာမှာ down load ရယူနိုင်ပါတယ်။




၂။ ဤနေရာမှာ down load ရယူနိုင်ပါတယ်။


အပြာရောင်ပင်လယ်

ဘဝဆိုတာပင်လယ်တဲ့

ဒီလိုနဲ့ကူးခတ်ရင်း

မနက်ဖြန် သတင်းမှာ လှိုင်းထန်မှာစိုးလို့

ရေဒီယိုအသံလှိုင်းဆိုတာ

မကြားဝံ့ပါဘူးချစ်သူ။

ချစ်သူ လက်ခုတ်ထဲက

ငါ့ပင်လယ်ပါ

ပစ္စုပန်ရာသီမှာ

ရင်ခုံသံမာတိကာကို ငါရှာဖွေမိတော့

ကောင်းကင်လို ပြာလွင်ဆဲ

ရင်ခွင်ရဲ့

နှလုံးသားဘက်ရပ်ဝန်းမှာ

လေဖိအား မနည်းပါရစေနဲ့

ချစ်သူရယ်

မုန်းတယ်ဆိုရင် ငါ့ရင်ခွင်မှာ

မုန်တိုင်းဝင်တဲ့ ရာသီဖြစ်လိမ့်မယ်။ ။

ရှာဖွေခြင်းခရီး

ရေခဲမြစ်တစ်စင်း တိုက်စားလို
ရင်ခွင်ကမ်းပါးတွေပဲ့ကြွေစမ်းပါစေ
နှလုံးသားကြမ်းပြင်ထက်မှာ
ချစ်သူအငွေ့အသက်ကလေးတွေ
နှစ်လကြာရှည်
ထာဝ၇အဖြစ်နဲ့အေးခဲစေတော့

ရယူခြင်း
ပိုင်ဆိုင်ခြင်း
စွန်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း
ဒီလိုဖွင့်ဆိုခြင်း များစွာနဲ့
ငါ့ရဲ့ရှာဖွေခြင်းတိုင်းမှာ
တစ်နေ့တစ်လံလို့
မြေပုံထဲက ရွှေပေါက်ကံက
ဝေးကွာဆဲ

အချစ်ကို
အတွေသီအိုရီတွေနဲ့ရောယှက်
အဖြေထွက်တာက
ပင်လယ်တစ်ဝက်
တောင်တန်းတစ်ဝက်
ဆုံးဖြတ်ရလဲခက်တယ်

သခင်ရယ်
ရှေ့ဆက် ဖို့လမ်းတစ်ဝက်မှာ
သမင်လည်ပြန်ခြေလှမ်းနဲ့
တစ်လှမ်းဆုတ်အားယူ
နေပူပူ နွေထဲမှာ
- ခြေဗလာပါပဲကွယ်

၉၈ အခ်စ္ကဗ်ာ

ကဗျာဆရာများ ပေါင်းစုထားထဲ့ စာအုပ်ဖြစ်ပါတယ်။ ရသမျိုးစုံကို ခံစားနိုင်မယ် ကဗျာ ဟင်းလေးအိုးလေး လို့ တင်စား ပါရစေ။ ကဗျာဆရာများစွာရဲ့ လက်ရာနဲ့ ထုံမွှမ်းထားပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။



ဝင်းဦးရဲ့ - မိန်းမလှ အမုန်း


သရုပ်ဆောင်မင်းသားကြီး ဝင်းဦး ရဲ့ - မိန်းမလှ အမုန်း ဆိုတဲ့ စာအုပ်ကို share လုပ်ထားပါတယ်။ သရုပ်ဆောင်တင်မကဘဲ အဆိုလည်း ကောင်းလှတဲ့ မင်းသားကြီး ဝင်းဦး ရဲ့ ကောင်းမွန်လှတဲ့ အရေးအသားတွေကို တွေ့နိုင်ပါတယ်
ဤနေရာမှာ down load ရယူနိုင်ပါတယ်။


အင်္ဂလိပ်စာလေ့လာသူများအတွက် McGraw Hill Handbook of English


 အင်္ဂလိပ်စာလေ့လာသူများအတွက်  ရည်ရွယ်ကာ McGraw Hill Handbook of English  ကို share လုပ်လိုက် ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

မော်စီတုန်းနဲ့ မြန်မာ အချုပ်အခြာအာဏာ


မော်စီတုန်းနဲ့ မြန်မာ အချုပ်အခြာအာဏာဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ မြန်မာ နိုင်ငံအချုပ်အခြာအပေါ် တရုတ်ရဲ့ သက်ရောက်မှုတွေကို ရေးသားထားတာဖြစ်ပါတယ်  
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

နုရည်(အင်းဝ) - မြစိမ်းပြာကမာရွတ်

နုရည်(အင်းဝ) ရဲ့ မြစိမ်းပြာကမာရွတ် ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

ဧရာဝတီ

ဆရာတိုက်စိုးရဲ့ ဧရာဝတီကို အခြေပြုပြီး တည်ဆောက်ခဲ့တဲ့ မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှုကို ပြုစုရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

သူလိုမိန်းမ

ဂျာနယ်ကျော်မမလေးရဲ့ သူလိုမိန်းမ ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။


သဲပုံစေတီ

သဲပုံစေတီအကြောင်း down load ရယူနိုင်ပါတယ်။

 8 p.

August 6, 2012

မင်းလှခံတပ်


မင်းလှခံတပ် အကြောင်းစာအုပ် down load ယူနိုင်ပါသည်။



July 19, 2012

လူထုစိန်ဝင်း - ပထမတန်းစားစိတ်ဓါတ်

သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့ သူ့ရဲ့ သတင်းသမားဘ၀ကို အခြေခံ ရေးသားထားတဲ့ ပထမတန်းစားစိတ်ဓါတ် ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

တက္ကသိုလ်ဘုန်းနိုင် (လွမ်းတေးမဆုံးစေနှင့်စောသခင်)

တက္ကသိုလ်ဘုန်းနိုင် (လွမ်းတေးမဆုံးစေနှင့်စောသခင်) ဆိုတဲ့စာအုပ်ကလေး တင်ပေးလိုက်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။


July 18, 2012

မင်းကိုနိုင် - နောက်ကြည့်မှန်

၈၈ ကျောင်းသားမင်းကိုနိုင်ရဲ့ လတ်တလော ထွက်လာတဲ့ မီဒီယာနဲ့ နိုင်ငံရေးလောကမှာ ခုတလော ရေပန်းစားနေတဲ့ နောက်ကြည့်မှန် ဆိုတဲ့စာအုပ်ကို တင်ပေးလိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန် အမြင့်ဆုံးအနုပညာကြေးပေး၍ ဒါရိုက်တာ ၀င်းထွန်းထွန်းက ၀ယ်ယူထားကြောင်းသိရသည်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

အာဇာနည်နေ့


အာဇာနည်နေ့လည်း နီးလာတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ် တင်ပေးလိုက်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။


July 1, 2012

စွန့်ပစ်ခြင်း မနက်ဖန်

ပြန်လမ်းမဲ့ဆန့်ထွက်ခဲ့ရတယ်

ရင်ခွင်ကိုရွက်စုံဖွင့်ရင်းပေါ့။

 

ရင်ခွင်ခြင်းအပ်လို့

ရင်ခုံခြင်းတွေဝင်ရိုးစွန်းတစ်ဘက်စီမှာကျောက်ချ။

 

သံနှင့်ပြဒါး

သူ့လမ်းသူသွားရင်

ကိုယ်ခရီးမှာကိုယ်တိုင်နစ်မျော

ဝေဒနာတောမှာနေမြင့်ခဲ့ရ။

အလွမ်းဆိုတာ

ချစ်တက်သူတွေခံစားဖို့သက်သက်ပါပဲ။

 

အသဲထဲတစ်နေရာမှာ

လှောင်ပြုံးတက်တဲ့နှုတ်ခမ်းနှစ်လွှာရေ။

တိမ်ညိုတွေရဲ့အနားတစ်ဘက်မှာ

ငွေရောင်အနားသတ်ဖို့

ငါ့အတွက်မသေချာသေးဘူး။

ပစ္စုပန်မှာလဲမှောင်မိုက်ဆဲ

ဒီအချစ်အတွက်နဲ့ပဲ

နိဂုံးတွေခါးခဲ့ရ

ပုံသေနည်းချထားတဲ့ အဖေါ်မဲ့ညည့်နက်ထဲမှာ

အထီးကျန်ပျံသန်းခဲ့တဲ့ငှက်တစ်ကောက်ပါ။

တစ်နဲ့တစ်ရဲ့အဖြေဟာ

မင်းနဲ့ငါအတွက်

အလွမ်းသက်သက် ဖြစ်ခဲ့ရတယ်။ ။