July 19, 2011

သောကခြေရာ (၅)

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ် ။
အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ငြိုလျင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ် ။
သံယောာဇဉ် ခွေကာရစ်ပေမယ့်
ပြန်ပြောလျင် ဝေဒနာဖြစ်ရုံမို.
ချစ်တက်သူ အမူလုပ်ပါလို.
မပူရုပ်ကို ဟန်ဆောင်တင်းပေမယ့် 
ရင်တွင်းမှာ မကြည်မွေ.လေတော့
သည်နေ.လည်း စိတ်ညစ်တယ်
သိပ်ချစ်တယ်လို. မဆိုသာတော့။
ပါးစပ်က ပြောမှလား။
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ တရစ်ဝဲ၀ဲနဲ.
မာယာတွေ ဟန်ဆောင်ထိမ်းကာ
သူစိမ်းတွေပေါ့။ ။

မောင်စိန်ဝင်း

No comments:

Post a Comment