July 19, 2011

မျက်စောင်း

အမုန်းပင်လယ်လက်တကမ်း

နှလုံးသားတစ်ခြမ်းနဲ့

အသည်းအသန်ကူးခတ်

ကမ်းတစ်ဖက်မှာ ချစ်ခြင်းတဲ့လားကွယ်

ရောင်စုံနူးညံ့ သင်းပျံ့ထုံပွင့်လွှာပါးနဲ့

ဇကာခြား မျက်လွှာချ

ပင်လယ်ကိုတောင် ပြာကျမတက်

မျက်စောင်းခတ်သံတွေ

ကိုးနဝင်းနဲ့သိဒ္ဓိတင်ရင်း

ရေခဲမြစ်တစ်စင်းလို တိုက်စားခြင်းတွေနဲ့

နှလုံးသားကြမ်းပြင်ထက်မှာ

ချစ်သူရဲ့အငွေ့အသက်ကလေးတွေ

ထာဝရ အေးခဲစေတော့

အနိုင်ယူတက်လွန်းတဲ့ နှင်းဆီတစ်ဖူးရဲ့

မိုးကြိုးစက် အကြည့်တစ်လက်မှာ

ပဝါဖြူကို အလံလိုထူခဲ့

နေညိုလေ့ရှိတဲ့

တောင်စွယ်မှာ ဗဟိုပြု

ရာဇဒါဏ်သင့်ခဲ့တဲ့ ချစ်ခြင်းတစ်ခုလို

ရှင်သန်ခြင်းတွေလည်း စည်းတစ်ဖက်ခြားမှာ

နှောင်းတမြေ့မြေ့ ဝေဒနာ

လေလာတိုင်း ရင်းမှာကြွေ

အိပ်ပျက်သူအတွက် ညတာလည်းရှည်ရဲ့

No comments:

Post a Comment