ကြွေလွင့်ခဲ့ရပေမယ့်
ဘယ်တော့မှမပြယ်တဲ့ရနံ့တွေနဲ့
နွမ်းလျှတဲ့အရေခွံအောက်က
လောင်ကျွမ်းတောက်ပတဲ့နှလုံးသား
ထမင်းမေ့ ဟင်းမေ့ပီတိစားတဲ့လူသား
ရေလဲသုံးထားပေမဲ့ ပျက်သုံးမသွားတဲ့
ရင်ထဲကမီးတောက်ပြာ
မုန်တိုင်းသင့်ငှက်တို့ရဲ့နားခိုရာပေါ့
ကမ်းဝေးဇင်ယော်များအတွက်တော့
လမ်းပြငှက်ဇင်ယော်
ပရဟိတ ဆိုတဲ့ပခုံးနဲ့
ဓားသွေးကျောက်လိုလုံးပါးပါးခဲ့ရင်-
မုန်တိုင်းအလွန် ညနေခင်းက
မြစ်တာကြိုးမျှင်တစ်စနဲ့လေးညှို့ကိုတင်း
ငြိမ်းချမ်းခြင်းနိမိတ်တွေအသက်သွင်း
အမှောင်ကဘာမှာ
ကိုယ်ကိုတိုင်လောင်ကျွမ်းရင်းထွန်းညှိ
ဘယ်သူသိနိုင်မလဲ
အတ္တမဲ့စမ်းချောင်းတစ်စင်းသူ့ရင်ထဲမှာစီးဆင်းဆဲ
No comments:
Post a Comment