November 16, 2015

ချစ်သူ.အပါးမှာ

အချစ်ဆိုတာ ချစ်သူရှိမှပါ
ချစ်သူရဲ.အဝေးမှာ
အချစ်ဆိုတာ လွမ်းရုံသက်သက်ပဲ။

ချစ်သူရေ
ချစ်သူ. အနားမှာ
ခစားခွင့်ပြုပါ
ချစ်သူ.ဆံနွယ်ပါးမှာ
ခိုနားခွင့် ပြုပါ။

ချစ်သူ. ခြေလှမ်းတိုင်းမှာ
ရင်ခုံသံတွေ ဖြန်ခင်း။
ချစ်သူ.ခြေရင်းမှာမှ
ရှင်သန်ခြင်းကို ဖွင့်ဆို။
-
--
---ဒီလို အပြင်းစားအတ္တတွေနဲ.။

ချစ်သူရယ်
ချစ်သူ.ရနံ.ကို ရှူရှိုက်ရင်း
ချိုမြိန်ခြင်း အနန်းတွေနဲ.
မျောလွင့်ချင်တဲ့ သူပါကွယ်။