October 22, 2015

ဆု

ဆု
======
ဒုက္ခနဲ့ စီးချင်းထိုးတဲ့အခါ
ငါ့ကို အားပေးတဲ့ လက်ခုပ်သံတွေ
တကယ်ပါ မကြားချင်ဘူး။

မေခလာနတ်သမီးရေ - -
အလည်လွန်လို့ ကြိမ်စာသင့်ရင်
တစ်လှည့်စီ ခံကြစတမ်းပေါ့။

သွားလိုရာသွားပါ လှည့်မကြည့်ပါနဲ့၊
ကမ်းမမြင်ဘဲ ကူးနေရပေမယ့်
ရုန်းကန်ခွင့်ရတာ ကျေနပ်တယ်။

ဘဝမှာ အောင်မြင်လာတဲ့ တစ်နေ့
ပန်းခြောက်လေးတွေ ကြိုးနဲ့သီပြီး
ဆုလာဘ်အဖြစ် ပေးစွပ်လိုက်ပေါ့

(အမည်မသိ)

No comments:

Post a Comment