November 16, 2015

ဝေဒနာနွေ

ဖူးပုရစ်သစ်
နုသစ်ဝေေ၀
ရွက်ကြွေလေထဲ
ဝေ့၀ဲသုတ်ဖြူး
နွေလေရူးနှင့်
ဥသြသံထူး၏
ထို.ကြောင့်နွေဦး

ခွဲမသွားပါနဲ.ကွယ်လို.
မတောင်းပန်ရက်ဘူး
မင်းဆုံးဖြတ်ချက်တွေ ခက်ခဲမှာစိုးလို.

ရွက်ဝါကြွေ လေလာမြူးခဲ့
ရူးမတက်လွမ်းသူမှာ အံတင်း
အင်း --- ရိုးတံတွေလဲအထီးကျန်
အလွမ်းသဏ္ဌန်ထင်ရဲ.

ပင်အိုဆိုတာ
နွေရဲ.ပြရုပ်သက်သက်
ဝေဒနာ လက်တံတွေထက်က
သစ်ရွက်တွေ အပြိုင်းအရိုင်း ခြွေ
ကြွေစေတဲ့ နွေ

လေရူးကြောင့်လား
ဥသြကြောင့်လား
ရိုးတံကြောင့်လား
ဂိန်မာန်အငြိုး အပြစ်မဖွဲ.မယိုးတော့ဘူး

နင်ငါ့ကို
ကြင်နာတက် စေခဲ့တာလား
နာကြင်မျက် စေခဲ့တာလား
- - - ခုတော့လဲ မထူးတော့ဘူး။ ။