October 22, 2015

ဆု

ဆု
======
ဒုက္ခနဲ့ စီးချင်းထိုးတဲ့အခါ
ငါ့ကို အားပေးတဲ့ လက်ခုပ်သံတွေ
တကယ်ပါ မကြားချင်ဘူး။

မေခလာနတ်သမီးရေ - -
အလည်လွန်လို့ ကြိမ်စာသင့်ရင်
တစ်လှည့်စီ ခံကြစတမ်းပေါ့။

သွားလိုရာသွားပါ လှည့်မကြည့်ပါနဲ့၊
ကမ်းမမြင်ဘဲ ကူးနေရပေမယ့်
ရုန်းကန်ခွင့်ရတာ ကျေနပ်တယ်။

ဘဝမှာ အောင်မြင်လာတဲ့ တစ်နေ့
ပန်းခြောက်လေးတွေ ကြိုးနဲ့သီပြီး
ဆုလာဘ်အဖြစ် ပေးစွပ်လိုက်ပေါ့

(အမည်မသိ)

ခရေ

အပွေးမြင်

အပင်သိ

မျက်ဝန်းမြင်

ရင်ကိုသိ

အသည်းဘယ်လိုရှိ

သိစေချင်တယ်။



ပင်ယံထက်မယ် မနေတက်လေသလား

မြေနီလမ်းက ပန်းခရေနှယ်

ကြွေတက်သူပါကွယ်

ခြွေရက်မတိုင်ခင်က။



သခင့်ကေသာ

ဆင်ကာ တင့်စေတော့

ပန်းသဇင် သခင် မြန်းလျှင်လည်း

လွမ်းတက်ယုံ ပန်းကြွေဘဝမှာ

လွမ်းသတ်ပုံ မှန်အောင်ရေးလို့

လွမ်းတေးငင်ရ။