August 7, 2012

သမိန်ပေါသွပ်-

မောင်ဝဏ္ဏရဲ့လက်ရာ ကာတွန်း နှစ်အုပ်ကို တင်ထားပါတယ်။
၁။ ဤနေရာမှာ down load ရယူနိုင်ပါတယ်။




၂။ ဤနေရာမှာ down load ရယူနိုင်ပါတယ်။


အပြာရောင်ပင်လယ်

ဘဝဆိုတာပင်လယ်တဲ့

ဒီလိုနဲ့ကူးခတ်ရင်း

မနက်ဖြန် သတင်းမှာ လှိုင်းထန်မှာစိုးလို့

ရေဒီယိုအသံလှိုင်းဆိုတာ

မကြားဝံ့ပါဘူးချစ်သူ။

ချစ်သူ လက်ခုတ်ထဲက

ငါ့ပင်လယ်ပါ

ပစ္စုပန်ရာသီမှာ

ရင်ခုံသံမာတိကာကို ငါရှာဖွေမိတော့

ကောင်းကင်လို ပြာလွင်ဆဲ

ရင်ခွင်ရဲ့

နှလုံးသားဘက်ရပ်ဝန်းမှာ

လေဖိအား မနည်းပါရစေနဲ့

ချစ်သူရယ်

မုန်းတယ်ဆိုရင် ငါ့ရင်ခွင်မှာ

မုန်တိုင်းဝင်တဲ့ ရာသီဖြစ်လိမ့်မယ်။ ။

ရှာဖွေခြင်းခရီး

ရေခဲမြစ်တစ်စင်း တိုက်စားလို
ရင်ခွင်ကမ်းပါးတွေပဲ့ကြွေစမ်းပါစေ
နှလုံးသားကြမ်းပြင်ထက်မှာ
ချစ်သူအငွေ့အသက်ကလေးတွေ
နှစ်လကြာရှည်
ထာဝ၇အဖြစ်နဲ့အေးခဲစေတော့

ရယူခြင်း
ပိုင်ဆိုင်ခြင်း
စွန်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း
ဒီလိုဖွင့်ဆိုခြင်း များစွာနဲ့
ငါ့ရဲ့ရှာဖွေခြင်းတိုင်းမှာ
တစ်နေ့တစ်လံလို့
မြေပုံထဲက ရွှေပေါက်ကံက
ဝေးကွာဆဲ

အချစ်ကို
အတွေသီအိုရီတွေနဲ့ရောယှက်
အဖြေထွက်တာက
ပင်လယ်တစ်ဝက်
တောင်တန်းတစ်ဝက်
ဆုံးဖြတ်ရလဲခက်တယ်

သခင်ရယ်
ရှေ့ဆက် ဖို့လမ်းတစ်ဝက်မှာ
သမင်လည်ပြန်ခြေလှမ်းနဲ့
တစ်လှမ်းဆုတ်အားယူ
နေပူပူ နွေထဲမှာ
- ခြေဗလာပါပဲကွယ်

၉၈ အခ်စ္ကဗ်ာ

ကဗျာဆရာများ ပေါင်းစုထားထဲ့ စာအုပ်ဖြစ်ပါတယ်။ ရသမျိုးစုံကို ခံစားနိုင်မယ် ကဗျာ ဟင်းလေးအိုးလေး လို့ တင်စား ပါရစေ။ ကဗျာဆရာများစွာရဲ့ လက်ရာနဲ့ ထုံမွှမ်းထားပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။



ဝင်းဦးရဲ့ - မိန်းမလှ အမုန်း


သရုပ်ဆောင်မင်းသားကြီး ဝင်းဦး ရဲ့ - မိန်းမလှ အမုန်း ဆိုတဲ့ စာအုပ်ကို share လုပ်ထားပါတယ်။ သရုပ်ဆောင်တင်မကဘဲ အဆိုလည်း ကောင်းလှတဲ့ မင်းသားကြီး ဝင်းဦး ရဲ့ ကောင်းမွန်လှတဲ့ အရေးအသားတွေကို တွေ့နိုင်ပါတယ်
ဤနေရာမှာ down load ရယူနိုင်ပါတယ်။


အင်္ဂလိပ်စာလေ့လာသူများအတွက် McGraw Hill Handbook of English


 အင်္ဂလိပ်စာလေ့လာသူများအတွက်  ရည်ရွယ်ကာ McGraw Hill Handbook of English  ကို share လုပ်လိုက် ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

မော်စီတုန်းနဲ့ မြန်မာ အချုပ်အခြာအာဏာ


မော်စီတုန်းနဲ့ မြန်မာ အချုပ်အခြာအာဏာဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ မြန်မာ နိုင်ငံအချုပ်အခြာအပေါ် တရုတ်ရဲ့ သက်ရောက်မှုတွေကို ရေးသားထားတာဖြစ်ပါတယ်  
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

နုရည်(အင်းဝ) - မြစိမ်းပြာကမာရွတ်

နုရည်(အင်းဝ) ရဲ့ မြစိမ်းပြာကမာရွတ် ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

ဧရာဝတီ

ဆရာတိုက်စိုးရဲ့ ဧရာဝတီကို အခြေပြုပြီး တည်ဆောက်ခဲ့တဲ့ မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှုကို ပြုစုရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။

သူလိုမိန်းမ

ဂျာနယ်ကျော်မမလေးရဲ့ သူလိုမိန်းမ ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဤနေရာမှာ down load ရယူနိုင်ပါတယ်။


သဲပုံစေတီ

သဲပုံစေတီအကြောင်း down load ရယူနိုင်ပါတယ်။

 8 p.

August 6, 2012

မင်းလှခံတပ်


မင်းလှခံတပ် အကြောင်းစာအုပ် down load ယူနိုင်ပါသည်။