ဖူးပုရစ်သစ်
နုသစ်ဝေဝေ
ရွက်ကြွေလေထဲ
ဝေ့ဝဲသုတ်ဖြူး
နွေလေရူးနှင့်
ဥသြသံထူး၏
ထို့ကြောင့်နွေဦး
ခွဲမသွားပါနဲ့ကွယ်လို့
မတောင်းပန်ရက်ဘူး
မင်းဆုံးဖြတ်ချက်တွေ ခက်ခဲမှာစိုးလို့
ရွက်ဝါကြွေ လေလာမြူးခဲ့
ရူးမတက်လွမ်းသူမှာ အံတင်း
အင်း --- ရိုးတံတွေလဲအထီးကျန်
အလွမ်းသဏ္ဌန်ထင်ရဲ့
ပင်အိုဆိုတာ
နွေရဲ့ပြရုပ်သက်သက်
ဝေဒနာ လက်တံတွေထက်က
သစ်ရွက်တွေ အပြိုင်းအရိုင်း ခြွေ
ကြွေစေတဲ့ နွေ
လေရူးကြောင့်လား
ဥသြကြောင့်လား
ရိုးတံကြောင့်လား
ဂိန်မာန်အငြိုး အပြစ်မဖွဲ့မယိုးတော့ဘူး
နင်ငါ့ကို
ကြင်နာတက် စေခဲ့တာလား
နာကြင်မျက် စေခဲ့တာလား
--
---
ခုတော့လဲ မထူးတော့ဘူး။ ။
No comments:
Post a Comment