August 7, 2012

အပြာရောင်ပင်လယ်

ဘဝဆိုတာပင်လယ်တဲ့

ဒီလိုနဲ့ကူးခတ်ရင်း

မနက်ဖြန် သတင်းမှာ လှိုင်းထန်မှာစိုးလို့

ရေဒီယိုအသံလှိုင်းဆိုတာ

မကြားဝံ့ပါဘူးချစ်သူ။

ချစ်သူ လက်ခုတ်ထဲက

ငါ့ပင်လယ်ပါ

ပစ္စုပန်ရာသီမှာ

ရင်ခုံသံမာတိကာကို ငါရှာဖွေမိတော့

ကောင်းကင်လို ပြာလွင်ဆဲ

ရင်ခွင်ရဲ့

နှလုံးသားဘက်ရပ်ဝန်းမှာ

လေဖိအား မနည်းပါရစေနဲ့

ချစ်သူရယ်

မုန်းတယ်ဆိုရင် ငါ့ရင်ခွင်မှာ

မုန်တိုင်းဝင်တဲ့ ရာသီဖြစ်လိမ့်မယ်။ ။

No comments:

Post a Comment