နှလုံးသားရဲ့ သက်တမ်းကို
ဒီဒါဏ်ရာတွေနဲ့ရေတွက်
ဝါးမျိုတက်တဲ့ယန္တယားတစ်ခုကို
သက်ပြင်းရှည်တွေနဲ့ငေးမောရင်း
အခွင့်အရေးဆိုတာ
အတောင်ပံတွေနဲ့လို့ သင်ယူခဲ့ရတယ်
နာကျင်အနမ်းတွေကို
အချိန်တိုင်း တမ်းတရင်း
ဝေဒနာဆိုတာ
မြဲစိမ်းတောတစ်ခုပါ
အတ္တတွေကို
အစီစဉ်ကျအောင် နေရာချရင်း
ရင့်ကျက်ခြင်း တံတိုင်းတွေနဲ့
ကိုယ်တိုင်ခြားနားမိ
သခင်ရယ်
ဆင်ခြင်တုံတရားတွေရဲ့
အဝေးဆုံးမှာ
နေထိုင် ရှင်သန်ခွင့်ပြုပါ
အနက်ရှိုင်းဆုံးချစ်ခြင်းတရားတွေ-
တောက်ပဖို့ပေါ့။ ။
No comments:
Post a Comment