July 1, 2012

စွန့်ပစ်ခြင်း မနက်ဖန်

ပြန်လမ်းမဲ့ဆန့်ထွက်ခဲ့ရတယ်

ရင်ခွင်ကိုရွက်စုံဖွင့်ရင်းပေါ့။

 

ရင်ခွင်ခြင်းအပ်လို့

ရင်ခုံခြင်းတွေဝင်ရိုးစွန်းတစ်ဘက်စီမှာကျောက်ချ။

 

သံနှင့်ပြဒါး

သူ့လမ်းသူသွားရင်

ကိုယ်ခရီးမှာကိုယ်တိုင်နစ်မျော

ဝေဒနာတောမှာနေမြင့်ခဲ့ရ။

အလွမ်းဆိုတာ

ချစ်တက်သူတွေခံစားဖို့သက်သက်ပါပဲ။

 

အသဲထဲတစ်နေရာမှာ

လှောင်ပြုံးတက်တဲ့နှုတ်ခမ်းနှစ်လွှာရေ။

တိမ်ညိုတွေရဲ့အနားတစ်ဘက်မှာ

ငွေရောင်အနားသတ်ဖို့

ငါ့အတွက်မသေချာသေးဘူး။

ပစ္စုပန်မှာလဲမှောင်မိုက်ဆဲ

ဒီအချစ်အတွက်နဲ့ပဲ

နိဂုံးတွေခါးခဲ့ရ

ပုံသေနည်းချထားတဲ့ အဖေါ်မဲ့ညည့်နက်ထဲမှာ

အထီးကျန်ပျံသန်းခဲ့တဲ့ငှက်တစ်ကောက်ပါ။

တစ်နဲ့တစ်ရဲ့အဖြေဟာ

မင်းနဲ့ငါအတွက်

အလွမ်းသက်သက် ဖြစ်ခဲ့ရတယ်။ ။

No comments:

Post a Comment