August 7, 2012

ရှာဖွေခြင်းခရီး

ရေခဲမြစ်တစ်စင်း တိုက်စားလို
ရင်ခွင်ကမ်းပါးတွေပဲ့ကြွေစမ်းပါစေ
နှလုံးသားကြမ်းပြင်ထက်မှာ
ချစ်သူအငွေ့အသက်ကလေးတွေ
နှစ်လကြာရှည်
ထာဝ၇အဖြစ်နဲ့အေးခဲစေတော့

ရယူခြင်း
ပိုင်ဆိုင်ခြင်း
စွန်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း
ဒီလိုဖွင့်ဆိုခြင်း များစွာနဲ့
ငါ့ရဲ့ရှာဖွေခြင်းတိုင်းမှာ
တစ်နေ့တစ်လံလို့
မြေပုံထဲက ရွှေပေါက်ကံက
ဝေးကွာဆဲ

အချစ်ကို
အတွေသီအိုရီတွေနဲ့ရောယှက်
အဖြေထွက်တာက
ပင်လယ်တစ်ဝက်
တောင်တန်းတစ်ဝက်
ဆုံးဖြတ်ရလဲခက်တယ်

သခင်ရယ်
ရှေ့ဆက် ဖို့လမ်းတစ်ဝက်မှာ
သမင်လည်ပြန်ခြေလှမ်းနဲ့
တစ်လှမ်းဆုတ်အားယူ
နေပူပူ နွေထဲမှာ
- ခြေဗလာပါပဲကွယ်

No comments:

Post a Comment